
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ယာဉ်စက်သုံး ပလပ်စတစ်ဘက်ထရီအိုးခွံ များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် မြေကွက်အမှတ် (၁၁၄)၊ မြေတိုင်း ရပ်ကွက်အမှတ် (၄၂) စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Proven Polyworld Co.,Ltd. သို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်သော အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်း စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
