
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရှိ ဝန်ထမ်းများ၏ ဘာသာစကားစွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်၍ တရုတ်ဘာသာစကား သင်တန်းဖွင့်ပွဲအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်) ၌ ၂၀၁၈ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ နံနက် ၀၈၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Ms. Li Xiaoyan တို့မှ အဖွင့်အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ သံရုံးမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများအပါအဝင် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းကာလမှ သြဂုတ်လ ၉ ရက်မှ နိုဝင်ဘာလ ၈ ရက်နေ့အထိ (၃)လ ကြာမြင့်မည်ဖြစ်ပါသည်။

