
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ လိုအပ်ချက်များ၊ ဖြည့်စွက်ဆောင်ရွက် သင့်သည့်အချက်များကို ဆွေးနွေးအဖြေရှာခြင်းအားဖြင့် ပိုမိုကောင်းမွန်သည့် လုပ်ထုံးလုပ်နည်းများနှင့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ဥပဒေအကြံပေး ဦးရောဘတ်စန်းဖေမှ ပေးပို့သော အကြံပြုချက်များနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်(ရုံးချုပ်)၌ ၂၀၁၈ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေး မှူးများ အပါအဝင် အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့ပါသည်။

