
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၁။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ များမှမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအားစိစစ်၍ ခွင့်ပြုမိန့်/ အတည်ပြုမိန့်များကို ထုတ်ပေးလျက်ရှိပါသည်။ ခွင့်ပြုမိန့်/အတည်ပြုမိန့်ရရှိ ထားသောလုပ်ငန်း များနှင့်ပတ်သက်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၉၆ အရ ရင်းနှီးမြှုပ်နှံသူသည် နှစ်စဉ် လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာပုံစံ(၁၁)အား နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ကော်မရှင်သို့ တင်ပြရမည်ဖြစ်ပါသည်။
၂။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၁၉၉ အရ ရင်းနှီးမြှုပ်နှံသူသည် နည်းဥပဒေ ၁၉၆ နှင့်အညီတင်ပြသော နှစ်စဉ်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ၏ အကျဉ်းချုပ်ကို ကော်မရှင်ထံ တင်ပြသည့်နေ့ရက်မှစ၍ သုံးရက်အတွင်း ကုမ္ပဏီ၏ Website တွင် ဖြစ်စေ၊ ကော်မရှင်၏ Website တွင် ဖြစ်စေ အများပြည်သူသိရှိစေရန် ထုတ်ပြန်ရမည်ဖြစ်ပါသည်။ ကုမ္ပဏီ၏ Website တွင် ထုတ်ပြန်ပါက Website လိပ်စာကို ကော်မရှင်သို့ အကြောင်းကြားရမည်ဖြစ်ပါသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံသူသည် ကိုယ်ပိုင် Website မရှိပါက ကော်မရှင်၏ Website တွင် ထုတ်ပြန်နိုင်ရေးအတွက် နှစ်စဉ်လုပ်ငန်း ဆောင်ရွက်မှုအစီရင်ခံစာ Soft copy, Hard copy များကို ကော်မရှင်သို့ပေးပို့ရန် ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်