
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဖွံ့ဖြိုးမှုပညာဌာနမှ ဖွံ့ဖြိုးမှုပညာဘွဲ့တက်ရောက်နေသော ကျောင်းသူ/ကျောင်းသားများနှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပြင်သစ်ဘာသာ ဝိဇ္ဇာဘွဲ့ကြို တက်ရောက်နေသော ကျောင်းသူ/ကျောင်းသားများမှ အဖွဲ့အလိုက် term paper presentation ပြုလုပ် ခြင်း အခမ်းအနားကို ၂၀၁၈ ခုနှစ် မေလ ၃၀ ရက်နေ့ မွန်းလွဲ (၂) နာရီတွင် ရန်ကုန်(ရုံးချုပ်)၌ ကျင်းပ ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲများမှ အရာထမ်း အမှုထမ်းများနှင့် လုပ်ငန်းခွင် လက်တွေ့လေ့လာရေးပြုလုပ်ခဲ့သည့် ကျောင်းသား ကျောင်းသူများအပါအဝင် စုစုပေါင်း (၆၅) ဦး တက်ရောက်ခဲ့ပါသည်။

