UMFCCI SME နှင့် စက်မှုဖွံ့ဖြိုးရေးကော်မတီမှ ပြည်ထောင်စုဝန်ကြီးနှင့် လာရောက်တွေ့ဆုံခြင်း

Print Friendly, PDF & Email

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ဦးကျော်ဝင်းအား မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ SME နှင့် စက်မှုဖွံ့ဖြိုးရေးကော်မတီမှ ဒေါက်တာအောင်သိန်းနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များမှ ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရုံး၌ လာရောက်တွေ့ဆုံခဲ့ပြီး အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြားခဲ့ပါသည်။