
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးအဖွဲ့အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်သော ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာသည် နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စာရင်း များကို နိုင်ငံတကာအဆင့်အတန်းမီဆောင်ရွက်နိုင်ရန်နှင့် အာဆီယံစာရင်းအင်းနှင့် ကိုက်ညီမှု ရှိစေရန် အရည်အသွေး မြှင့်တင်ဆောင် ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် အရည် အသွေးမီ စာရင်းအင်းသည် မရှိမဖြစ်လိုအပ်ပါသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းသည် လက်ရှိကာလတွင် အထူး စီးပွားရေးဇုန်၊ အခြား စီးပွားရေးကဏ္ဍများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မိခင် ကုမ္ပဏီ မှချေးငွေ စသည်တို့ မပါဝင်ဘဲ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှု ပမာဏသာရှိပါသည်။ ထို့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ရင်းနှီးမြှုပ်နှံမှု အမှန်စာရင်းမရရှိနိုင်ဘဲ ခွင့်ပြုချက် လျာထားစာရင်းသာ ရရှိနိုင်ပါသည်။
နိုင်ငံတကာအဆင့်မီ စာရင်းအင်းရရှိရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမှန်စာရင်း နှစ်စဉ် ကောက်ယူသွားရန် စီစဉ် ဆောင်ရွက် လျက်ရှိပါသည်။ သို့ဖြစ်ရာ ရန်ကုန်မြို့တွင်ရှိသော မြန်မာနိုင်ငံရှိ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (၁၄) ခုအား ရွေးချယ်၍ ၂၀၁၇ခုနှစ်၊ မတ်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ ကနဦး စာရင်းအင်း စစ်တမ်း ကောက်ယူခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှုကို EU- ASEAN စာရင်းအင်း အရည်အသွေးမြှင့်တင်ရေးနှင့် ကြီးကြပ်ဆောင်ရွက်မှု အစီအစဉ်မှ ( EU- ASEAN COMPASS) ပံ့ပိုးမှုဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
စာရင်းကောက်ယူခဲ့သော ကုမ္ပဏီ (၁၄) ခုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အရာထမ်းများနှင့် EU- ASEAN COMPASS မှ FDI Statistics ကျွမ်းကျင်ပညာရှင်တို့ပါဝင်သော အဖွဲ့ဖြင့် ကုမ္ပဏီ (၁၄) ခုကို တွေ့ဆုံမေးမြန်းဆောင်ရွက်ခဲ့ပြီး draft questionnaire အပေါ် ပိုမိုကောင်းမွန်စေရန် အကြံပြု ချက်များရယူဆောင်ရွက်ခဲ့ပြီး အချက်အလက်များကို computerized database တွင် ထည့်သွင်း၍ စာရင်းအင်းပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၂၀၁၇ ဧပြီလတွင် အသစ်ထွက်ရှိလာမည့် ရင်းနှီးမြှုပ်နှံမှုနည်းဥပဒေအသစ်အရ ကုမ္ပဏီ များ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပစီများသည် နှစ်စဉ် ဘဏ္ဍာရေး အခြေအနေအား ပေးပို့ပေးရန် အကြောင်းကြားလိုပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။




