
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်စေရန်၊ ဒေသခံလုပ်ငန်းများနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအကြား ပိုမိုပူးပေါင်းဆောင်ရွက်မှုရရှိစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲ (Shan State Investment Fair) ကို ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် တောင်ကြီးမြို့ ရှိ Royal Taunggyi ဟိုတယ်၌ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုပြပွဲအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် တောင်ကြီးမြို့ Cherry Queen ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အကြိုညှိနှိုင်းအစည်းအဝေးသို့ ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အတွင်းရေးမှူးနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ မြန်မာ့စျေးကွက်သုတေသနနှင့် ဖွံ့ဖြိုးမှု ကုမ္ပဏီလီမိတက် (MMRD)၊ သက်ဆိုင်ရာအစိုးရဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူ များနှင့် စီးပွားရေး လုပ်ငန်းရှင်များ စုစုပေါင်း (၈၀) ခန့် တက်ရောက်ခဲ့ကြပါသည်။



