တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ NANJIDO WASTE ENERGY PLANT သို့သွားရောက် လေ့လာခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် အာဆီယံ-ကိုရီးယားစင်တာ (AKC) တို့ပူးပေါင်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော အဖွဲ့ဝင်(၈)ဦး ပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက် နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် သွားရောက် လျက်ရှိပါသည်။ ပထမနေ့အဖြစ် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကိုရီးယား သမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ Nanjido Waste Energy Plant သို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သွားရောက် လေ့လာခဲ့ပါသည်။