
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

အမေရိကန်နိုင်ငံ၊ Stanford University မှ Prof. Dan Ianca ခေါင်းဆောင်သော စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ သင်တန်းသား/သူ (၃၂)ဦး ပါ၀င်သော လေ့လာရေးအဖွဲ့သည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် လေ့လာရန်အ တွက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်၊ ရုံးအမှတ်(၆)၊ စွမ်းအင်ဝန်ကြီးဌာနသို့ ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ၊ စွမ်းအင်ဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပါသည်။
ယင်းနောက် အစည်းအဝေးခန်းမတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာစေရေး ဆွဲဆောင်နိုင်မည့် ပြုပြင်ပြောင်းလဲမှုများကို ကော်မရှင် ဥက္ကဌမှ လည်းကောင်း၊ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှု (Doing Business in Myanmar)ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် သင်တန်းသား/သူများ၏ မေးမြန်းချက်များကို ကော်မရှင်မှ ပြန်လည် ဖြေကြားပေးခဲ့ပြီး ဆွေးနွေးပွဲအပြီးတွင် ကော်မရှင်ဥက္ကဌမှ လေ့လာရေးအဖွဲ့ခေါင်းဆောင်ထံသို့ အမှတ်တရ လက်ဆောင်ပန်းချီကားချပ်ကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



