ပြည်ပ နိုင်ငံများသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် မြန်မာစီးပွားရေးသံမှူးများအား လက်ခံတွေ့ဆုံခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် သည် တောင်အာဖရိက၊ ဂျာမနီ၊ ဩစတေးလျ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ကူမင်းမြို့)နှင့် ဘရာဇီးလ်နိုင်ငံများတွင် စီးပွားရေးသံမှူးများအဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် သူများအား ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

     ထိုသို့တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ်မှ စီးပွားရေးသံမှူးများသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးပါကြောင်း၊ မိမိတို့ကျရာတာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ၍ ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း အလေးထား မှာကြားခဲ့ပါသည်။