
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

သြစတြေးလျ နိုင်ငံအစိုးရ၏ အကူအညီဖြင့် “Understanding Reservation Lists: Linking investment restrictions and the International Agreements” Capacity Building Workshop အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့ မွန်းလွဲပိုင်းအထိ နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေး နှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှ ဘာသာရပ်ဆိုင်ရာ အဆင့်မြင့် အရာရှိများနှင့် World Bank Group နှင့် Australia မှ ကျွမ်းကျင်သူများ အပါအဝင် စုစုပေါင်း (၄၈) ဦးခန့်တက် ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ချိုချိုဝင်းနှင့် World Bank Group မှ Mr. Charles Schneider တို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ပြီး World Bank Group မှ ကျွမ်းကျင်သူများက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြပါသည်။ ၎င်းနောက် ရင်းနှီးမြှုပ်နှံမှုတွင် ခွင့်မပြုနိုင်သောလုပ်ငန်းများ စာရင်းများနှင့်စပ်လျဉ်း၍ လက်တွေ့ လေ့ကျင့်မှုများကို ပြုလုပ်ခဲ့ ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ နိဂုံးချုပ် အမှာစကားပြောကြားကာ အလုပ်ရုံဆွေးနွေးပွဲအား ရုပ်သိမ်းခဲ့ပါသည်။

