
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံနှင့် ပိုလန်နိုင်ငံအကြား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ်နှင့် ပိုလန်နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု အတွေ့အကြုံများကို မျှဝေရန် ရည်ရွယ်၍ Economic Transformation, Development and Cooperation: The Past, The Present and The Future of Myanmar and Poland ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ ၃ ရက်နေ့ထိ ရန်ကုန်မြို့ရှိ Kandawgyi Palace Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် အရာထမ်းများ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ Business Development in Myanmar ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာ သူများမှ ရင်းနှီးမြှုပ်နှံမှုနှင့်စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။
