
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် EU-ASEAN COMPASS တို့ ပူးပေါင်း ပြုလုပ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စာရင်းအင်း ကောက်ယူခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံးချုပ်၊ အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များအပါအဝင် စုစုပေါင်း သင်တန်းသား ( ၂၄ ) ဦးတက်ရောက်ကြပါသည်။