
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ မူကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်တွင် ရှင်းလင်းတင်ပြခြင်း ကို ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဌ ဦးဆောင်ပြီး ၂ဝ၁၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နေ့လည် ၁၄ : ၀ဝ နာရီတွင် အမျိုးသားလွှတ်တော်ဝင်း၊ J-ဆောင်၊ အစည်းအဝေးခန်းမ၊ နေပြည်တော်၌ ကျင်းပ ပြုလုပ် ခဲ့ရာ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး မှ ရှင်းလင်းတင်ပြပါသည်။ အဆိုပါ ရှင်းလင်းပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၊ အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန မှ တာဝန်ရှိသူများ နှင့် ADB မှ ဥပဒေပညာရှင်များ တက်ရောက်ခဲ့ပါသည်။