
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း အမှတ်စဉ် (၄) ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ မှ ၂၀၁၅ခုနှစ် အောက်တိုဘာလ ၃ဝရက်နေ့ထိ ၈ ပတ်ကြာကျင်းပခဲ့ပြီး၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွှဲ ၁၃:၀၀ နာရီ တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ စုစုပေါင်းအင်အား ၁၃၅ ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပထမဆုကို ဒေါ်စောသက်စုဝင်း (လက်ထောက် ညွှန်ကြားရေးမှူး)မှ လည်းကောင်း၊ ဒုတိယဆုကို ဒေါ်ငြိမ်းငြိမ်းအိ (လက်ထောက်ညွှန်ကြားရေးမှူး) မှ လည်းကောင်း၊ တတိယဆုကို ဒေါက်တာသိမ့်သိမ့်မိုး (ဒုတိယညွှန်ကြားရေးမှူး) မှ လည်းကောင်း ရရှိခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကာ သင်တန်းဆင်းပွဲ အခမ်းအနားကို မွန်းလွှဲ ၁၄:၃၀ နာရီတွင် ရုတ်သိမ်း ခဲ့ပါသည်။

