
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန် ရည်ရွယ်၍ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် Renaissance Institute Myanmar တို့ ကြီးမှူးကျင်းပသည့် မြန်မာ-တရုတ် နှစ်နိုင်ငံ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်း တွင် Lotte Hotel ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် China Kumming South Asia & Southeast Asia International logistics Research Institute(SSILR)မှ ဥက္ကဋ္ဌ ဖြစ်သူ Mr. Liu Jinxin တို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုဝန်းကျင်များ ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။


