
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) တို့ ပူးပေါင်း၍ အိုအီးစီဒီ၏ အရှေ့တောင်အာရှ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု ကနဦးအစီအစဉ် (OECD – Southeast Asia Corporate Governance Initiative) အရ မြန်မာနိုင်ငံ၌ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ စီမံအုပ်ချုပ်မှု တိုးတက်ရေးအတွက် OECD – Myanmar Advisory Group ၏ အကြိုညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန၊ သမဝါယမဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၊ Yangon Stock Exchange နှင့် Security Exchange Commission တို့မှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူးများနှင့် OECD မှ ကိုယ်စားလှယ်များ စုစုပေါင်း ၃၅ ဦးခန့် တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် OECD – Myanmar Advisory Group အဖွဲ့အနေဖြင့်ဆောင်ရွက် ရမည့် Term of Reference မူကြမ်းပါ အချက်အလက်များဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြပါသည်။