
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် ၁၉၁၄ မြန်မာနိုင်ငံ ကုမ္ပဏီများ အက် ဥပဒေနှင့် ၁၉၅၀ အထူးကုမ္ပဏီအက်ဥပဒေများအရ ဖွဲ့စည်းမှတ်ပုံတင်ပြီးသော ကုမ္ပဏီများ အနေဖြင့် မှတ်ပုံတင်သက်တမ်း ကျန်ရှိသည်ဖြစ်စေ၊ မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည်ဖြစ်စေ လုပ်ငန်း ဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရုံးချုပ်) နှင့် ရုံးခွဲများသို့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ နောက်ဆုံးထားသတင်းပေးပို့ ဆက်သွယ်ဆောင်ရွက်ကြပါရန် နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းဖော်ပြ၍အသိပေး ကြေညာ ပြီးဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လုပ်ငန်းဆက်လက်လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် သတင်း ပေးပို့ဆောင်ရွက်ခြင်းကို ဤဦးစီးဌာနသို့ သတ်မှတ်ရက်အမီ ဆက်သွယ်သတင်းပို့ကြပါရန်နှင့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ နောက်ပိုင်း တင်ပြလာခြင်းများကို လက်ခံ စဉ်းစားတော့မည် မဟုတ်ဘဲ ၁၉၁၄ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၄၇ နှင့်အညီ မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။