
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ (၂၂)နှစ်မြောက်ဌာန နှစ်ပတ်လည် နေ့အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ နံနက်ပိုင်းတွင် သံဃာတော်အရှင် သူမြတ်များအား ပင့်ဖိတ်၍ လှူဖွယ်ဝတ္တုအစုစုတို့အား လှူဒါန်းခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Fu Sun Restaurant ၌ ဝန်ထမ်းမိသားစု ညစာစားပွဲကို ကျင်းပပြုလုပ်ခဲ့ ပါသည်။
ညစာစားပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များ၊ အငြိမ်းစားယူသွား ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ နိုင်ငံခြား အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၆၀၀ ကျော် တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ဝန်ထမ်းများ၏ သားသမီးများအား လက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် ထူးချွန် ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်း အစီအစဉ်များအား ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များ၊ Lucky draw အစီအစဉ်များဖြင့် ဌာနနှစ်ပတ်လည်နေ့အား ဝန်ထမ်းမိသားစုများမှ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြပါသည်။



