
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂ နိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရေး တတိယအကြိမ် နှစ်ဖက် ညှိနှိုင်းအစည်းအဝေးကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးအောင်နိုင်ဦးနှင့် မြန်မာနိုင်ငံဆိုင်ရာ အီးယူ သံအမတ်ကြီး Mr. Roland KOBIA တို့မှ အဖွင့် အမှာစကား အသီးသီး ပြောကြားခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ မြန်မာ-ဥရောပသမဂ္ဂ ရင်းနှီး မြှုပ်နှံမှု သဘောတူစာချုပ် ညှိနှိုင်းရေးအဖွဲ့ဝင် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ခဲ့ကြပြီး အစည်း အဝေးကို ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ ကျင်းပသွားမည် ဖြစ်ပါသည်။