
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်း၍ Myanmar Global Investment Forum ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ နှင့် (၁၆)ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (Myanmar International Convention Center –MICC 2) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ သမ္မတရုံးဝန်ကြီးဌာန(၃)မှ ပြည်ထောင်စုဝန်ကြီး၊ ဝန်ကြီးဌာန များမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အကြီးတန်းအရာရှိများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ Euromoney Institutional Investor(Asia) မှ Chief Executive Officer, Mr. Tony Shale ခေါင်းဆောင်သော ကိုယ်စားလှယ်များ၊ ပြည်တွင်း ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်း ပြည်ပသတင်း မီဒီယာများ စုစုပေါင်း (၁၂၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။
ဖိုရမ် ဖွင့်ပွဲအခမ်းအနားတွင် စွမ်းအင်ဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဌ ဦးဇေယျာအောင် နှင့် Euromoney Institutional Investor (Asia) မှ Chief Executive Officer, Mr. Tony Shale တို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ကြပါသည်။