
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၄) ဖွင့်ပွဲ အခမ်းအနားကို အမှတ်(၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌၂၀၁၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနနှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့မှ အသစ် ပြောင်းရွှေ့ရောက်ရှိလာသော အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းအင်အား ၁၂၀ ဦး တက်ရောက်ကြပါသည်။
သင်တန်းရည်ရွယ်ချက်မှာ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်းသော ဥပဒေနှင့် နည်းဥပဒေများ၊ ကုမ္ပဏီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိနားလည် လိုက်နာစေရန်နှင့် လက်တွေ့ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းစဉ်များအား အကျွမ်းတဝင် သိရှိစေရန် ဖြစ်ပါသည်။
သင်တန်းကာလမှာ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ရက်သတ္တ(၈)ပတ်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။