
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ်၊ ကူမင်းမြို့၌ ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပလျက်ရှိသည့် တရုတ် – မြန်မာစီးပွားရေး စင်္ကြံ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသော ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် တရုတ် – မြန်မာ စီးပွားရေး စင်္ကြံပူးတွဲဖော်ဆောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်ရပ် ရေးထိုးရန်၊ တရုတ် – မြန်မာ စီးပွားရေးစင်္ကြံပူးတွဲကော်မတီ ဖွဲ့စည်း နိုင်ရန်နှင့် ဦးစားပေး စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
