ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Print Friendly, PDF & Email

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြု လုပ်ခဲ့ပြီးအစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာလင်းထွဋ်နှင့် အဖွဲ့ဝင် (၅)ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ထောပတ်သီးစိုက်ပျိုးခြင်းနှင့် ထောပတ်သီး၊ သရက်သီးအစရှိသည့် သီးနှံများပြုပြင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ သရက်သီး သန့်စင်ထုတ်ပိုးခြင်း လုပ်ငန်းတို့ကို အတည်ပြုမိန့်ထုတ်ပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အထက်ပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏစုစုပေါင်းမှာ ကျပ် ၅၆၇၂.၉၉ သန်းနှင့် အမေရိကန်ဒေါ်လာ(၄.၁၃) သန်းရှိပြီး အဆိုပါလုပ်ငန်းမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ပေါင်း (၁၂၀) ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။