
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံ နှင့် ၂၀၂၃ ခုနှစ်၊ သမုဒ္ဒရာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတို့သို့ တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
နေပြည်တော် ဇူလိုင် ၈
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency- CIDCA) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ဇူလိုင်လ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့်ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံနှင့် ရှမန်မြို့၌ ဇူလိုင်လ ၁၂ ရက်တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ်၊ သမုဒ္ဒရာစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတို့သို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။
ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ နိုင်ငံခြားစီးပွားဆက်သွယ် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်၊ ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယ