
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေများ(မြန်မာဘာသာ)ကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှ အတည်ပြုပြီးဖြစ်ပါကြောင်းနှင့် အများပြည်သူသိရှိနိုင်ရန် website တွင် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာတို့ဖြင့် ဖော်ပြထားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၄၂ အရ ထုတ်ပြန်ရမည့် ကန့်သတ်သည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပုဒ်မ ၄၃ အရထုတ်ပြန်ရမည့် ဦးစားပေးမြှင့်တင်မည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အမိန့်ကြော်ငြာစာတို့ကိုလည်း ရက်အနည်းငယ် အတွင်း ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
မှတ်ချက်။ အင်္ဂလိပ်ဘာသာပြန်ဆိုချက်မှာ အလွတ်သဘော ဘာသာပြန်ဆိုချက်ဖြစ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အတည်ပြုပြီးမှသာ တရားဝင်ဘာသာပြန်ဆိုချက်ကိုထုတ်ပြန်သွား မည်ဖြစ်ပါသည်။