
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၃ ကြိမ်မြောက် မကာအိုအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပြပွဲ သို့ တက်ရောက် မည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသတွင် ခေတ္တရောက်ရှိနေစဉ် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၏ Chief Executive ဖြစ်သူ Mrs. Carrie Lam Cheng Yuet-ngor နှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ တွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ အခြေခံအဆောက်အအုံဆိုင်ရာ စီမံခန့်ခွဲမှု၊ အသက်မွေး ပညာဆိုင်ရာ ကဏ္ဍများနှင့် ဝန်ထမ်းများ၏စွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာတို့တွင် ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။
