
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး မူဘောင်နှင့် ရှေ့လုပ်ငန်းစဉ်များအတွက် Core Orientation Workshop အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ နေပြည်တော်၊ Park Royal Hotel ရှိ အာရှဖွံ့ဖြိုးရေးဘဏ် (နေပြည်တော်ရုံးခွဲ)တွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ခေါင်းဆောင်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ Core Group အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိကြီးများနှင့် ADB မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦးခန့် တက်ရောက်ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံ၌ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး မူဘောင်နှင့် ရှေ့လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

