
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်းသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန ရုံးချုပ်၌ OECD အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ အရာထမ်းများ တက်ရောက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းအင်း၊ ပြည်ပငွေပေးငွေယူရှင်းတမ်းနှင့် အမျိုးသားအဆင့် စာရင်းအင်းအချက်အလက်များ စသည့် အဓိက စီးပွားရေးအချက်အလက်များ ရရှိနိုင်မှု အခြေအနေများအား ဆွေးနွေးခဲ့ကြပါသည်။