
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၆ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆု ရရှိသော အဖွဲ့ ၃၃ ဖွဲ့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားအား နှစ်စဉ်ကျင်းပလာခဲ့ရာ ယခုအကြိမ်သည် စတုတ္ထအကြိမ်ဖြစ်ပါသည်။
အဆိုပါဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ခေါင်းဆောင်သည့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေး ကြိုးပမ်းဆောင်ရွက်သည့် အတွက် နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ခြင်းခံခဲ့ရပါသည်။


