
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ဧရာဝတီတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်းဆောင်ရွက်ရာ တွင် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဖိတ်ခေါ်ဆောင်ရွက်ခြင်း၊ ကုမ္ပဏီဖွဲ့စည်း ထူထောင် မှတ်ပုံတင်ခြင်း၊ ယင်းနှင့် ဆက်စပ်သည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လွယ်ကူ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစီအစဉ် ဖြင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းဦးစီးမှူးရုံး ဖွင့်ပွဲနှင့် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခြေအနေများ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ ပုသိမ်မြို့၌ ကျင်းပခဲ့ပါသည်။
ဖွင့်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင် နှင့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ရှိသူများ၊တိုင်းဒေသကြီး ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ကုန်သည်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဦးစီးမှူးရုံးအား တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီး ဦးလှခိုင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးသိန်းအောင်မှ တိုင်းဦးစီးမှူးရုံး ဆိုင်းဘုတ်အား စက်ခလုပ်နှိတ် ဖွင့်လှစ်ပေးခဲ့ ပါသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်တို့က အမှာစကားပြောကြားကာ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။
