
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ဂျပန်အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)တို့ ပူးပေါင်း၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ဦးဆောင်သည့် လုပ်ငန်းတာဝန်ခံအဖွဲ့ဝင် ၁၄ ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ Infrastructure PPP framework နှင့် ပတ်သက်သည့် DICA-JICA ညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်ဆွေးနွေး ခဲ့ကြပါ သည်။ အဆိုပါအစည်းအဝေးများသည် FDIPP မှ စတင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ လုပ်ငန်း တာဝန်ခံအဖွဲ့ဝင်များသည် ဖိလစ်ပိုင်နိုင်ငံ JICA ရုံးခွဲနှင့် မနီလာမြို့ရှိ PPP Center သို့ သွားရောက်ခဲ့ပြီး PPP ဆိုင်ရာ လက်တွေ့ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာခဲ့ကြ ပါသည်။

