
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ထောပတ်သီး၊ သရက်သီးအစရှိသည့် သစ်သီးများပြုပြင် ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် စက်အုတ်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းတို့၏ တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့် တင်ပြလာခြင်းအား ခွင့်ပြုရန်ဆုံးဖြတ်ခဲ့ကြပါသည်။
