
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်နှင့် ဥပဒေချုပ် ဦးရဲလွင် အပါအဝင် အဖွဲ့ဝင် (၇) ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ပေးအပ်ခဲ့သည့်အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှု အရပ်ဒေသပါ မြေပုံညွှန်းအမှတ် ပြောင်းလဲပေးခဲ့မှုအခြေအနေနှင့် မြဝတီစီးပွားရေးဇုန် လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော the Investment Facilitation Toolkit 2022 and DICA Online Solution (DOSo) စနစ်အား ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
