
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်သည် ၂၀၂၂ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးသို့ လာရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်ကဉီးစီးဌာန၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် စေတနာထား၍ ဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေနှင့် အမိန့်ကြော်ငြာစာများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ တို့ကို သေချာလေ့လာ၍ လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်ဥပဒေများအပြင် နိုင်ငံတော်ကထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေများကို ရှာဖွေလေ့လာရန်၊ အချိန်ကို အကျိုးရှိစွာအသုံးချပြီး မိမိတို့၏စွမ်းဆောင်ရည် တိုးတက်အောင် လေ့လာမှုများ ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။