
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်း ဉီးဆောင်သော နေပြည်တော် ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဆောင်ရွက်ခွင့်ပြုခဲ့သည့် နေပြည်တော် ဒက္ခိဏသီရိအသေးစားနှင့် အလတ်စား စက်မှုဇုန်အတွင်းရှိ မော်တော် ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ Contract Framing စနစ်ဖြင့် စပ်မျိုးစပါးများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ အသားခြောက် ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်းလုပ်ငန်း၊ စွန့်ပစ်တာယာများ၊ စတီးဝါယာ၊ ရာဘာအစအနများ၊ ချည်မျှင်ကြိုးစများမှ ရာဘာကြမ်းခင်းနှင့် ပြုပြင်ထားသည့် တာယာများ ထုတ်လုပ်ခြင်းလုပ်ငန်း တို့သို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
