
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တို့ရှိ Manufacture of Structural Metal Products ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် အလူမီနီယံပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၄ ခုနှစ် မေလ ၂၉ ရက်နေ့ တွင် သွားရောက်၍ စီးပွားဖြစ်စတင်လည်ပတ် ထုတ်လုပ်မည့် အခြေအနေနှင့် တည်ဆောက်ရေး ကာလအတွင်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ မီးဘေးအန္တရာယ်ကာကွယ်ရေး နှင့် မီးအာမခံထားရှိမှုအခြေအနေ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။