
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင်လွင်သည် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းများ အတွက် အရေးကြီးလိုအပ်လျက်ရှိသော ကုန်ကြမ်းပစ္စည်များအား တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ လေကြောင်းဖြင့် ပေးပို့မှုကို ၂၀၂၀ ပြည့်နှစ် မတ် ၁၇ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက်ကြည့်ရှုအား ပေးခဲ့ပါသည်။
အဆိုပါ ကုန်ကြမ်းများသည် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံး၊ စီးပွားရေးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်း (China Enterprise Chamber of Commerce in Myanmar (CECCM) ၏ပူးပေါင်းစီစဉ်မှုဖြင့် တင်သွင်းလာခြင်းဖြစ်ပြီး တန်ချိန် ၁၅ တန်ခန့်ရှိကြောင်း သိရှိရပါသည်။
အဆိုပါ ကုန်ကြမ်း ပစ္စည်းများမှာ အထည်ချုပ်စက်ရုံ (၁၁) ရုံအတွက် အရေးပေါ် လိုအပ်လျက် ရှိသော ကုန်ကြမ်းများဖြစ်ပြီး Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကုန်ကြမ်းပြတ်လပ်မှုကို အထောက်အကူဖြစ်စေရန်နှင့် အလုပ်သမားများ အလုပ်အကိုင် ဆက်လက် ရရှိစေရေးအတွက် ရည်ရွယ်၍ တင်ပို့လာခြင်းဖြစ်ပါသည်။
