
Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

Ministry of Investment and Foreign Economic Relations (MIFER),The Republic of the Union of Myanmar

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇၊ ပုဒ်မ ၄၂၁ (ဃ) အရ အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်တွင် ကုမ္ပဏီများ ပြန်လည်မှတ်ပုံတင်ခြင်းအား ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ၆ လ ကာလအတွင်း ဆောင်ရွက်ကြပါရန် ကြေညာချက်များ ထုတ်ပြန်ကြေညာပေး၍ ပြန်လည်မှတ်ပုံတင်ခြင်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါသည်။ ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်သော ကုမ္ပဏီများအား မှတ်ပုံတင်စာရင်းမှ မကြာမီ ပယ်ဖျက်မည်ဖြစ်ပါသည်။
သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဆိုင်ရာ စည်းမျဉ်းများ အပိုဒ် ၄(ဃ) နှင့်အညီ သတ်မှတ်အခကြေးငွေ ပေးဆောင်၍ ပြန်လည်မှတ်ပုံတင်ခြင်းကို ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်ရုံးချုပ်) တွင် ဆောင်ရွက်ပေးမည်ဖြစ်ပါသဖြင့် ပြန်လည်မှတ်ပုံတင်ရန် ကျန်ရှိသော ကုမ္ပဏီများအနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်မှတ်ပုံတင်ခြင်းအား ကိုယ်တိုင်လာရောက်ဆောင်ရွက်ကြပါရန် အသိပေးကြေညာအပ်ပါသည်။
ယင်းသို့ လာရောက်ဆောင်ရွက်ရာတွင် အမိန့်ကြော်ငြာစာ (၆၄/၂၀၁၈) ပါအတိုင်း မှတ်ပုံတင်စာရင်းတွင် ပြန်လည်ထိန်းသိမ်းခြင်းအတွက် သတ်မှတ်အခကြေးငွေ ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ် မတ်လ ၃၀ ရက်နေ့ နောက်ပိုင်း တင်ပြလာသော ပြန်လည်မှတ်ပုံတင်ခြင်းကိစ္စများအား လုံးဝ (လုံးဝ) လက်ခံဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ကြေညာအပ်ပါသည်။
ကုမ္ပဏီများမှတ်ပုံတင်အရာရှိ
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန