
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း၍ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်နှင့် ရှေ့လုပ်ငန်းစဉ်များအတွက် Integrative workshop အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့၌ အာရှဖွံ့ဖြိုးရေးဘဏ် (နေပြည်တော် ရုံးခွဲ)၊ Park Royal Hotel၊ နေပြည်တော်တွင် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ခေါင်းဆောင်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ Core Group အဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာရှိကြီးများ နှင့် ADB မှ ကိုယ်စားလှယ်များ စုစုပေါင်း ၄၅ ဦး ခန့် တက်ရောက်ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲတွင် Private Sector Development Framework နှင့် Action Plan ရေးဆွဲ ချမှတ်နိုင်ရေးအတွက် Pillar workshop များ ပြုလုပ်ခဲ့ရာ ထွက်ပေါ်လာသည့် Action Plan များနှင့်စပ်လျဉ်း၍ အတည်ပြုနိုင်ခဲ့ပါသည်။
