
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ရင်းနှီးမြှုပ်နှံလုပ်ငန်းများ ဆောင်ရွက်ခြင်း နှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၀၄:၀၀ နာရီမှ ၀၅:၄၅ နာရီထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ (၂၀)ဦးနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော အဖွဲ့ဝင်(၅)ဦး စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်နိုင်မည့် နည်းလမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေများအရ လုပ်ကိုင်နိုင်သည့် နည်းလမ်းများ၊ ခံစားခွင့်များ၊ အကာအကွယ်ပေးမှုများ၊ အခွင့်အလမ်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည်များနှင့် လုပ်ကိုင်နိုင်မည့်နည်းလမ်းများ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။