
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၆ ခုနှစ်၊ ဧပြီလ (၂၇) ရက်၊ (ဗုဒ္ဗဟူးနေ့) ၁၁ နာရီတွင် ASEAN-EU Compass Program မှ Team Leader, Mr.Romash Paul သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)သို့ လာရောက်၍ ဒုတိယညွှန်ကြားရေးမှုးချုပ်များဖြစ်ကြသော ဦးဆန်းမြင့်နှင့် ဦးသန့်စင်လွင် တို့နှင့်တွေ့ဆုံကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု (FDI) အမှန် စာရင်းကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ASEAN-EU Regional Workshop on FDI ကို လာမည့် စက်တင်ဘာလ အတွင်း မြန်မာနိုင်ငံ၌ ကျင်းပရန်၊ စာရင်းပြုစုနိုင်ရေးနှင့် ပတ်သက်၍ ဦးစီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲသို့ Server, Personnel Computer နှင့် ဆက်စပ်ပစ္စည်းများကို လာမည့်မေလအတွင်း လှူဒါန်းရန်နှင့် ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် Technical Training များ ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။