
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရန်ကုန်မြို့ Sedona Hotel ၌ ၂၀၁၆ ခုနှစ် ဧပြီလ ၅ ရက်နေ့ ညနေ ၅ နာရီတွင်ကျင်းပသည့် “ Korea-Myanmar Business Networking Cocktail Reception” အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်ခဲ့ပြီး၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးဆိုင်ရာ အစီအစဉ် များနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ခြင်း လိုအပ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ကိုရီယား စီးပွားရေးလုပ်ငန်းရှင် (၅၅) ဦးနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် (၅၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး၊ နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
