
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

International Economic Development Group မှ Research Officer ဖြစ်သူ Ms. Linda Calebrese နှင့် Team leader ဖြစ်သူ Mr. Stephen Gelb တို့သည် ၅-၄-၂၀၁၆ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့လာရောက်၍ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ လက်ရှိ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်အခြေအနေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအတွက် ဆောင်ရွက်နေမှု စသည်တို့နှင့်စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။