
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၆ ခုနှစ် မေလ ၃၀ ရက်နေ့ မွန်းလွဲ (၂ : ၀၀) နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများအား အသိပညာ တိုးပွားစေရန် ရည်ရွယ်၍ Seminar on “Knowledge on Intellectual Property Rights” ကို ကျင်းပရာ ဆွေးနွေးပွဲတွင် ASEAN Intellectual Property Association မှ Councilor ဖြစ်သူ ဦးမင်းတေဇညွန့်တင်က Intellectual Property Rights နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးချက်များကို ပြန်လည်မျှဝေ ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြပါသည်။
