
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်အမှတ် (၁၀၁၅/၂၀၁၅) (၂၁-၉-၂၀၁၅) ဖြင့် CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးနှင့် တစ်စိတ်တစ်ပိုင်းပြီးစီးသည့် ဖိနပ်အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျှက်ရှိသော မြေကွက်အမှတ်(၁+၂)၊ မြေတိုင်းရပ်ကွက်အမှတ် ၁၄၄၊ စက်မှုဇုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီးတွင် လုပ်ငန်း ဆောင်ရွက်လျက် ရှိသော King Lead Ind Co., Ltd. အား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များပါဝင်သည့် ကွင်းဆင်း စစ်ဆေးရေးအဖွဲ့မှ ၂၀၁၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ပါသည်။