
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

အင်ဒိုနီးရှား ပညာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီတို့ပူးပေါင်း၍ အင်ဒိုနီးရှား၊ မြန်မာနိုင်ငံနှင့် ဂျာမနီနိုင်ငံတို့အကြား နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် မျှဝေရန် ရည်ရွယ်၍ “Designing Trilateral and South-South Cooperation, Lessons Learned from 5 years of Successful Cooperation in TVET between Indonesia, Myanmar and Germany” ခေါင်းစဉ်ဖြင့် အဆင့်မြင့်ဆွေးနွေးပွဲ တစ်ရပ်ကို ၂၀၁၆ ခုနှစ် မေလ ၁၉ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူးချုပ်မှ Creation of a conducive political framework for trilateral cooperation ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။




