
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် စင်ကာပူနိုင်ငံရှိ American Chamber of Commerce အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇွန်လ ၇ နံနက် (၁၀:၃၀) နာရီမှ (၁၁:၃၀)အထိ Sedona Hotel၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့်အတူ စင်ကာပူနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဦးဆောင်သောအဖွဲ့ အပါအဝင် စုစုပေါင်း (၃၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ အခန်းကဏ္ဍ၊ အနာဂါတ် စီမံကိန်းများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ ရင်းနှီးမြှုပ်နှံမှုနှင့် စပ်လျဉ်း၍ မေးခွန်းများ မေးမြန်းခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ဖြေကြားပေးခဲ့ပါသည်။