
Ministry of National Planning, Investment and Foreign Economic Relations

Ministry of National Planning, Investment and Foreign Economic Relations

၂၀၁၆ ခုနှစ် ဇွန်လ ၇ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ရန်ကုန်မြို့ အင်းယားလိပ် ဟိုတယ်၌ Japan-ASEAN Integrated Fund နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှ နည်းပညာအထောက်အပံ့အဖြစ် စီအယ်လ်အမ်ဗွီနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများ မှတ်ပုံတင် ခြင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းအချက်အလက်များ ကောက်ယူခြင်းနှင့် စပ်လျဉ်းသည့် Database အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပခဲ့ပါသည်။ ထိုအလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနား၌ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများသာမက အခြား အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ပါသည်။
